歌词
အမှတ်မထင်ဘဲ ဒီမြို့ငယ်လေးမှာဆုံတယ်
မင်းကိုပဲ ငါတစ်သက်စာဆုတောင်းမိတယ်
ဘယ်တော့ပြန်တွေ့မယ်
မသိနိုင်လည်း စိတ်ထဲမှာတော့ယုံကြည်ဆဲ
တစ်နေ့မှာတော့ ငါတို့တွေဆုံဆည်းရမယ်
နင် မမေ့လိုက်နဲ့
နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန်ခဏလေး နှုတ်ဆက်ချိန်ရောက်လည်း
ဒို့နှစ်ယောက်လုံးအတွက်အမှတ်တရအဖြစ်နဲ့
ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး
ငါပြန်သွားတဲ့အခါ နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါ အရောက်လာမယ်
ယုံကြည်ထားဆဲပါ ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်နေအုံးမှာ
ညနေဖက်ဆိုငှက်ငယ်လေးတွေကြည့်ရင်း
မင်းဆီအရောက် ပြန်ဝဲလာချင်တဲ့စိတ်တွေ
ငါထိန်းမရခဲ့
အိပ်မက်ထဲ ငါမင်းဆီအမြဲပြန်လာတယ်
မြို့ငယ်လေးမှာ တို့တွေဆုံတွေ့ကြသတဲ့
တကယ်တော့ဝေးဆဲ
နေဝင်ရင် ငါတို့ခွဲရမယ်
အိမ်ပြန်ချိန်ခဏလေး နှုတ်ဆက်ချိန်ရောက်လည်း
ဒို့နှစ်ယောက်လုံးအတွက်အမှတ်တရအဖြစ်နဲ့
ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး
ငါပြန်သွားတဲ့အခါ နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါ အရောက်လာမယ်
ယုံကြည်ထားဆဲပါ ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်သန်နေမယ်
တို့နှစ်ဦးအချစ်တို့ရှိရာမြို့လေးထဲ
ငါလည်းတစ်နေ့တော့အရောက်ပြန်လာမယ်
မင်းအတွက်
ငါ့ရဲ့အသည်းတစ်ခြမ်း မင်းဆီချန်ပြီး
ဒီမြို့လေးရဲ့အဝေး
ငါပြန်သွားတဲ့အခါ နင်မမေ့ဖို့ရာ
ခဏလောက်ဆက်သိမ်းထားပါ
တစ်နေ့နေ့မင်းလေးရှိရာမြို့ထဲ
ငါ အရောက်လာမယ်
ယုံကြည်ထားဆဲပါ ငါ့အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့ ရှင်နေအုံးမှာ
ယုံကြည်ထားဆဲပါ
ငါ့ အသည်းတစ်ခြမ်းဟာ
မင်းရဲ့အချစ်များနဲ့
ရှင်နေအုံးမှ
专辑信息
1.Min Shi Tae Myoh
2.Kyut Khit Lu Thar
3.Myit Tar Tayar
4.Htin Yar Sine Mael Sate Yine
5.3AM
6.Shae Ka Lan Ma Myar
7.Min Ah Chit Tit Khu Thar
8.Thu Shi Mha