歌曲 / 歌词

5 PM

Listen on Apple Music

歌词

ချစ်ခဲ့တဲ့ နေ့ရက်တွေ... အခုတော့လည်း အေးစက်နေခဲ့
အမြဲတမ်းပဲ တွေးထားတယ်...တို့နှစ်ယောက်ရဲ့ အိပ်မက်ငယ်လည်း
တစစီ ပြိုလဲပျက်စီးသွား
တစ်ချိန်ချိန်မှာ... တို့ ဝေးရမယ်တွေးထားလည်း
မင်းအနားပဲ အမြဲရှိချင်တယ်...
ဘယ်ဆီမှာလည်း တွေးရင်းနဲ့... ရူးရတယ်
အခုကျလည်း တစိမ်းတစ်ယောက်လိုပဲ...
နေ့တိုင်းလည်း လွမ်း... ညတိုင်းလည်း လွမ်း
အထီးကျန်ခဲ့ နေ့ရက်တွေထဲ...
အချိန်တိုင်းလည်း လွမ်း...
မင်းချန်ခဲ့ အနမ်းများနဲ့... ဘဝတို့က ခါးဆဲပါပဲ...
ငါမှားခဲ့ဖူးတဲ့ အမှားများလဲ မထောက်ထားခဲ့
ငါလုပ်ခဲ့ဖူးခဲ့တဲ့ အပြစ်တွေလဲကွာ ခေါက်ထားတယ်
အဲဒီလို နားလည်ပေးတဲ့မိန်းကလေး မင်းကို
ရက်စက်သထက် ရက်စက်လာတဲ့ငါ့ကို
ငါကိုယ်တိုင်တောင် ခွင့်မလွှတ် နိုင်ခဲ့တော့
ထားခဲ့လိုက်ပါ ထွက်သွားတော့
အရင်တုန်းက အမှတ်တရတွေလဲ မစွဲလမ်းပါနဲ့
ပြတ်သားတော့
ငါဆိုတာ ဘယ်လိုမှမပြောင်းလဲတဲ့
မကောင်းဆိုးဝါး
အသိစိတ်ပျောက်လာတဲ့ အချိန်တိုင်းလဲ မသိတော့ပါ အကြောင်းအကျိုးများ
မင်းအနားက ထွက်သွားလိုက်တာပဲ ငါတို့
နှစ်ယောက်လုံးအတွက် အကောင်းဆုံးပါ
မချစ်လို့တော့မဟုတ်ပါဘူး အပြစ်လုပ်လို့
ရှုပ်လာသူငါက
အရှုပ်ထုပ်ပါ လူတွေက ထုတ်နှုတ်လာ
မင်းဘဝအတွက် ငါဆိုတာက အနုတ်ပုစ္ဆာ
မင်းကလဲ ငါစေရာကတဲ့ အရုပ်တစ်ရုပ်ပါ
အဲတော့ကွာ အထုပ်ထုပ်ကာ ငါ့ဘဝထဲက
ထွက်သွားဖို့အတွက် လုပ် လုပ်ပါ
ငါ့ဘဝမှာ မင်းမရှိလို့မဖြစ်ပေမဲ့ နင့်ဘဝမှာ ငါရှိနေခဲ့ရင် သိပ်မှားမယ်
အဲဒီစိတ်ထားလဲ ကန့်သတ်လိုက်ပြီ မတွေးနဲ့တော့ အတိတ်များဝဲ
အဆုံးသတ်ချိန်ထိ ငါတို့နှစ်ယောက်လုံးရဲ့
လက်တွေ ချိတ်ထားဆဲ
အဲဒီနေ့က ညနေ၅နာရီ မင်းအပေါ် ရွာချတဲ့
အငြိုးနဲ့မိုးတွေ တိတ်သွားတယ်
တစ်ချိန်ချိန်မှာ... တို့ ဝေးရမယ်တွေးထားလည်း
မင်းအနားပဲ အမြဲရှိချင်တယ်...
ဘယ်ဆီမှာလည်း တွေးရင်းနဲ့... ရူးရတယ်...
အခုကျလည်း တစိမ်းတစ်ယောက်လိုပဲ...
အနောက်အရပ်မှာ ကွယ်ပျောက်သွားပြီ ငါ့အချစ်နဲ့ နေမင်းဟာ
ကဗျည်းကျောက်တိုင်မလိုအပ်ဘူး နှလုံးသားသေခြင်းငါ
ရွှေခင်းကာထားတဲ့လမ်းကို ပစ်ပယ်ခဲ့တာ ရူး
မိုက်တာပဲ
မင်းတန်ဖိုးနားမလည်တဲ့ကောင် မေ့ပစ်လိုက်
နင်ဂရုမစိုက်ပါနဲ့
မက်လောက်စရာလည်းမရှိဘူး ကြုံရာနေ
ကြုံရာစားပဲ
ငါလိုမျိုးကောင်ရဲ့လက်ထဲ မင်းဘဝကို ပုံမှာလားသဲ
ငါ့အပေါ်မှာမင်းတစ်ယောက်ပဲ ကိုယ်ချင်းစာ နာတတ်တဲ့လူ
မင်းသိတယ် ငါလိုကောင်က မျှော်လင့်ချက်
အနာဂတ်မဲ့သူ
အချစ်ကိုကိုးကွယ်မိရင် မင်းပြန်ရမှာနောင်တပဲ
လမ်းပြဖို့မထိုက်တဲ့ကောင် နင်ပစ်ထားလိုက်အမှောင်ညလယ်
ငါဆိုတာ မင်းဘဝထဲက မေ့ဖျောက်ပြီး နင်အခြားတစ်ယောက်တွဲ
အတိတ်ကိုအတိတ်မှာထားပါ ပြန်ပြီးနင်တံခါး
မခေါက်နဲ့
နှစ်ယောက်လုံးသိနေတာပဲ ငါ့တို့ရဲ့အဆုံး
သတ်ကို
မင်းဘာတွေခက်နေတာလဲ ဒီနွံကရုန်းထွက်ဖို့
လွယ်လွယ်နင်ထားခဲ့လိုက်ပါ မင်းအချစ်နဲ့
မတန်တဲ့အမှိုက်
ကိုရေမွန်သီချင်းထဲကလို စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့လိုက်
နေ့တိုင်းလည်း လွမ်း... ညတိုင်းလည်း လွမ်း...
အထီးကျန်ခဲ့ နေ့ရက်တွေထဲ...
အချိန်တိုင်းလည်း လွမ်း...
မင်းချန်ခဲ့ အနမ်းများနဲ့... ဘဝတို့က ခါးဆဲပါပဲ...