歌曲 / 歌词

အိပ်မက်ချစ်သူ

Listen on Apple Music

歌词

မလာနဲ့ မတားဆီးခဲ့ဘူး
မပြန်နဲ့ မပြောဘူး ချစ်သူ
ကိုယ်ဟာ ဖွင့်လို့ထားတဲ့ တံခါးလေးတစ်ချပ်
အလွယ်တကူ မမုန်းတတ်ခဲ့ဘူး
အလွယ်တကူ မချစ်နဲ့ ချစ်သူ
ကိုယ်ဟာ နှလုံးသားရှိသူ မငိုချင်ခဲ့...
ကိုယ်ပဲ ချစ်မိတာ မှားလား
ချစ်သူရေ မှားနေဦး...
ဆက်ချစ် ဆက်ချစ်စမ်းပါရစေ ချစ်တဲ့သူလေး
သခင်ကြင်နာသူ မဖြစ်ခဲ့သူမို့
တကယ်ဆို အသည်းကွဲမြို့က
မင်း စွန့်ခွာနိုင်သူပါ
ဒီလို အသည်းကွဲပြီးတော့
ကိုယ့်ရဲ့ ကမ္ဘာပျက်စီးသွား
မဆုံခင် လမ်းခွဲရပြီ အခုတော့လေ ကြေကွဲရ
တစ်ခါတစ်ရံ ချစ်တဲ့အချစ်များ စိမ်းပြီလား
မလာနဲ့ မတားဆီးခဲ့ဘူး
မပြန်နဲ့ မပြောဘူး ချစ်သူ
ကိုယ်ဟာ ပိတ်လို့မထားတဲ့ တံခါးလေးတစ်ချပ်
ဘာမှပြောင်းလဲမရဘူး
တကယ်ဆို မင်းစွန့်သွားခဲ့တဲ့
အသည်းနှလုံးမြို့ပျက်ကြီးမှာ နေသူပေါ့...
အချိန်က မိုးကြိုးလို ပစ်ချ
အိပ်မက်ထိ ချစ်ရသူလေး
ကိုယ့်ရဲ့ အသည်းနှင့် အသွေးတွေ ကျွမ်းရစ်ခဲ့ပြီမို့
သခင်ကြင်နာသူ ကိုယ့်ဘဝကို မေ့
တကယ်ဆို အသည်းကွဲမြို့က
မင်း စွန့်ခွာနိုင်သူပါ
ဒီလို အသည်းကွဲပြီးတော့
ကိုယ့်ရဲ့ ကမ္ဘာပျက်စီးသွား
မဆုံခင် လမ်းခွဲရပြီ အခုတော့လေ ကြေကွဲရ
တစ်ခါတစ်ရံ ချစ်တဲ့အချစ်များ စိမ်းပြီလား
အိပ်မက်လားဟေ့... အိုး...
အရင်လိုအချစ်မျိုးနဲ့ ပွေ့ဖက်ထားချင်လည်း
မကြင်နာ စိမ်းကားတဲ့ ကိုယ့်ရဲ့ အချစ်လေး
တကယ်ကို ထိန်းချုပ်ခွင့်မဲ့ လွင့်ပျက်တော့မယ်
တကယ်ဆို အသည်းကွဲမြို့က
မင်း စွန့်ခွာနိုင်သူပါ
ဒီလို အသည်းကွဲပြီးတော့
ကိုယ့်ရဲ့ ကမ္ဘာပျက်စီးသွား
မဆုံခင် လမ်းခွဲရပြီ အခုတော့လေ ကြေကွဲရ
တစ်ခါတစ်ရံ ချစ်တဲ့အချစ်များ စိမ်းပြီလား
မလာနဲ့ မတားဆီးခဲ့သူ
မပြန်နဲ့ မပြောဘူး ချစ်သူ
ကိုယ်ဟာ ဖွင့်လို့ထားတဲ့ တံခါးလေးပဲ
ဘာမှ ပြောင်းလဲမရဘူး
တကယ်ဆို မင်းစွန့်သွားခဲ့တဲ့
အသည်းနှလုံးမြို့ပျက်ကြီးမှာ နေသူပေါ့